လိပ်ပုံပြင်
[ဟိုး..ရှေးရှေးတုန်းက လိပ်မိသားစုတစ်စု ဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။ နောက်ဆုံးတော့ လိပ်မိသားစု အိမ်က ထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။ အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာ တို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါ တယ်။ အဲဒီအခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့
ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆား ပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။
နောက်တော့ ကတိတစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ ဘယ်သူမှ သူပြန်မရောက် မချင်း အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တစ်မိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။ သုံးနှစ်ကြာတဲ့အထိ လိပ်ကလေး ပြန် ရောက်မလာပါဘူး။ ငါးနှစ်.. ခြောက်နှစ်... ခုနစ်နှစ်မြောက် လာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင် အနောက်ကနေ ရုတ်တရက်ထွက်လာပြီး ပြောလိုက်ပါတယ်။
တွေ့လား၊ သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး။ လူတချို့ဟာ တခြားလူတွေကို ကိုယ် မျှော်လင့်ထားသလိုလုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။ ဒီပုံပြင်လေးကို အတုယူကာ ကိုယ့်အထုပ်ကိုယ်ထမ်းဖို့အတွက် ကိုယ့်အလုပ် ကိုယ်လုပ်ကြပါလို့ တိုက်တွန်း လိုက်ပါရစေ။][https://youtu.be/_Vhl_fQLoaM]
[Turtle story]
[A long time ago, a family of turtles prepared for a picnic. Turtles, who are naturally slow, take 7 years to prepare for a picnic. Finally, the turtle family came out of the house and looked for a suitable place. After 2 years of coming out, they found a perfect place for them. Cleaning the place and preparing food for the picnic was completed after 6 months. Then I realized that they had forgotten the salt. Without salt
They think a picnic can't be good. After discussing the matter for a long time, the youngest turtle was chosen and assigned the task of bringing the salt back home. The fastest baby turtle in the family rolled over and started crying.
After asking for a promise, I agreed to go. The promise is that no one will eat the food until he returns. When the whole family agreed, the turtle started to leave. The turtle did not return until three years later. Five years... Six years... When the seventh year came, the oldest turtle could not bear the pain of hunger anymore. So he said he was going to eat and opened the sandwich. At that moment, the little turtle suddenly came out from behind the tree and said.
do you see It is clear that they will not wait for their son. That's enough, I don't take salt anymore. Some people waste their time waiting for other people to do what they expect. They are so interested in what other people do that they don't even do anything for themselves. Let me encourage you to imitate this story and do your own work to carry your own baggage.]
