ဗိုက်ကြီးသည် သမင်မ
[တစ်ခါတုန်းက ကိုယ်ဝန်နေ့စေ့လစေ့နဲ့မွေးဖွားခါနီးသမင်မတစ်ကောင်ဟာ မီးဖွားစရာနေရာရှာရင်း ရေစီးသန်တဲ့ မြစ်တခုရဲ့ဘေးကိုရောက် လာသတဲ့ကွယ်။ မိုးကောင်းကင်တခုလုံးတိမ်မဲတွေနဲ့ပြည့်လာပြီး လျှပ်စီးတွေ မိုးကြိုးတွေလဲပစ်လာသတဲ့။ သမင်မမှာလည်း မွေးခါနီးဗိုက်နာတဲ့ ဝေဒနာစခံစားလာရသတဲ့။
အဲ့ဒီအချိန်မှာ သမင်မသတိထားမိလိုက်တာက သူ့ရဲ့ ဘယ်ဘက်ခြမ်းမှာ မုဆိုးတစ်ယောက်ဟာ လေးကိုချိန်ရင်း သူ့အနားချည်းကပ်လာတာကိုပေါ့။ ညာဘက်ကိုကြည့်ပြန်တော့ သွေးဆာနေတဲ့ ခြင်္သေ့တစ်ကောင်ကလည်း မာန်ဖီပြီး သူ့ကို ခုန်အုပ်တော့မယ်ပေါ့ဗျာ။ လောလောဆယ်မှာ ရှေ့က ရေစီးသန်တဲ့မြစ် ဘယ်ညာမှာက မုဆိုးနဲ့ခြင်္သေ့ဆိုတော့ နောက်ပြန်လှည့်ဖို့ စဉ်းစားစဉ်မှာဘဲ သူမလာခဲ့တဲ့ အနောက်တောအုပ်ကလည်း တောမီးတွေလောင်လာပါလေရောပေါ့ဗျာ။
သမင်မစဉ်းစားရပါပြီ?
မီးဖွားရမလား?
ခြင်္သေ့နဲ့ မုဆိုးရန်ကလွတ်ဖို့ ဆိုရင် ရှေ့က ချောင်းထဲခုန်ချပြီး သေမည်ရှင်မည် မသိတာကိုကြိုးစားရမလား။(သေဖို့ကများ)
တောမီးကို ဖြတ်ပြေးရမလား။ ဒါလည်းမသေချာ။
သင်ဆိုရင်ရောဘာလုပ်ပါမလဲ? သမင်မဘာလုပ်မယ် ထင်ပါသလဲ?
ဗိုက်ကြီးသည်သမင်မဟာ ကလေးကိုဘဲမွေးချလိုက်ပါတယ်။ ကလေးရော အမေရော အသက်ရှင်ကြပါတယ်တဲ့။
ဇာတ်လမ်းကဒီလိုပါ။
သမင်မကြီးက ကလေးကိုဘဲမွေးမယ်လို့ ခိုင်ခိုင်မာမာဆုံးဖြတ်ပြီး ကိုယ်ကိုလှဲအချ မုဆိုးကလည်းလေးအပစ် မှာ မြှားလွတ်သွားပြီး အဲ့ဒီမြှားက ဆန့်ကျင်ဘက် ခြင်္သေ့ကို တည့်တည့်မှန်ပါလေရောတဲ့ဗျာ။
တပြိုင်နက်တည်းမှာဘဲ ကောင်းကင်လာတဲ့မိုးကြိုးတစ်စင်း က လည်းမုဆိုးကို မှန်သွားသတဲ့။ မည်းနေတဲ့ တိမ်တိုက်ကြီးကလည်း မိုးအဖြစ်ပြောင်းပြီးအားရပါးရရွာချလိုက်တာ တောမီးလည်း ငြိမ်းသွားလေရောပေါ့ဗျာ။
(စိတ်ကူးယဉ်ဆန်တယ်ပြောလို့ရပေမယ့် ဘဝမှာ တကယ့်အဖြစ်အပျက်တွေကစိတ်ကူးယဉ်ထက်ဆန်းကျယ်တတ်ပါတယ်။)
စီမံခန့်ခွဲမှုသင်ခန်းစာ
တစ်ခါတစ်ရံ ဘေးကျပ်နံကျပ်အခြေအနေတွေကြုံရရင် ဒီပုံပြင်လေးကိုသတိရပေးပါ။
သမင်မရဲ့ အဓိက အခြေအနေက ကလေးမွေးဖို့ပါ။ ကျန်တဲ့ အခြေအနေ ၃ ခုက သူမ မပိုင်မဆိုင်တဲ့ကိစ္စတွေပါ။ သဘာဝဘေးနဲ့ အခြားသူတွေရဲ့ပြုမူဆောင်ရွက်မှုတွေကို ကိုယ်ဝင်ပါလို့မရပါ။
ကိုယ့်ကိုယ်ကိုအမြဲပြန်မေးပါ။
သင်ဘာကိုတန်ဖိုးထားမှာလဲ။
သင်တန်ဖိုးထားတဲ့အရာရဲ့နောက်မှာ ကံကြမ္မာနဲ့ မျှော်လင့်ခြင်း အလင်းရောင်တွေ ကိန်းအောင်းနေပါတယ်။][https://youtu.be/HiKP1lnCEo4]
[A deer with a big belly]
[Once upon a time, a female deer nearing birth came to the side of a flowing river while looking for a place to give birth. The whole sky was filled with dark clouds and lightning and thunderbolts shot out. The deer also started to feel pain in her stomach near the time of birth.
At that moment, the deer didn't notice that a hunter was approaching him on his left side, aiming a bow. Looking to the right again, a bloodthirsty lion roared and was about to jump on him. At the moment, there were hunters and lions on the left and right of the flowing river in front of her, and while she was thinking of turning back, the forest to the west that she had come to was also on fire.
Have you thought about deer?
Can I give birth?
If you want to escape from the lion and the hunter, should you jump into the stream in front of you and try not knowing if you will die? (To die)
Should I run through a forest fire? Not sure about that.
What would you do? What do you think the deer will do?
The big belly gave birth to a baby deer. Both mother and child are alive.
The story is like this.
The deer firmly decided that she would give birth to a baby, and threw herself down. The hunter shot his arrow and the arrow missed, and the arrow hit the opposite lion straight.
At the same time, a bolt of lightning from the sky hit the hunter. The big black cloud turned into rain and the forest fire went out.
(It may sound like fantasy, but real events in life are often more complicated than fantasy.)
Management lessons
Sometimes when you are in a difficult situation, remember this story.
The main condition of the deer is to give birth. The remaining 3 situations are matters that she does not own. I cannot participate in natural disasters and other people's actions.
Always ask yourself.
What would you value?
Behind what you value lies the light of destiny and hope]
