ကျားအိုနှင့် ခရီးသွား

 


[တစ်ခါတုန်းက ကျားအိုကြီးတစ်ကောင်ဟာ ရေအိုင်နားမှာရေချိုးပြီး သူများတွေမြင်လျှင် မြက်ကိုသာအမြဲစားသည့် ကျားသူတော်ကောင်းကြီးပါ
လားဟု အထင်ခံရအောင် သမန်းမြက်တွေကိုကိုင်ထား ပြီး ကမ်းနဖူးမှာထိုင်နေစဉ် ခရီးသွားတစ်ယောက်ကို တွေ့သောအခါ

"အို ခရီးသည် ငါ့ဆီကရွှေလက်ကောက်ကို လာယူ လှည့်ပါ" ဟုဆိုလေ၏။

ခရီးသည်လည်း လိုချင်မှုလောဘဇောတက်ပြီ စိတ်ထဲမှာစဉ်းစားလေ၏။ ဒီရွှေလက်ကောက်ဟာ ငါ့ရဲ့ရှေးဘုန်းရှေးကံကြောင့် ရသင့်ရထိုက်လို့ ဖြစ်လာတာပဲ ၊ ဒါပေမဲ့ စဉ်းစားစရာတော့ တစ်ချက်ရှိတယ်။

"မနှစ်သက်အပ်သောအရာမှ နှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းကိုရခြင်းဟာကောင်းကျိုးမဖြစ်နိုင်ဘူး အဆိပ်နဲ့ရောထားတဲ့ အမြိုက်သုဓာဟာ အသက်ကိုသေစေနိုင်တယ်…"

ဒါပေမဲ့ ပစ္စည်းဥစ္စာရှာဖွေရာမှာ စွန့်စားမှု ၊ ဒါမှမဟုတ် အန္တရာယ်ကတော့ ရှိမှာပဲ။

"လူဟာ မစွန့်စားပဲ အခြေနေကောင်းကို မတွေ့မြင်နိင်ဘူး စွန့်စားပြီး တကယ်လို့အသက်ရှင်နေသေးရင် အခြေနေကောင်းကို တွေ့မြင်ရနိုင်တယ်…"

ဒါကြောင့် ငါအရင်စုံစမ်းဦးမယ်ဆိုပြီး…

"အို ကျားကြီး…သင့်ရဲ့ရွှေလက်ကောက်က ဘယ် မှာလဲ" လို့ မေးတဲ့အခါ ကျားကြီးက ရွှေလက် ကောက်ကိုပြလေ၏။

ထိုအခါ ခရီးသွားက … " အသားစားတဲ့ကျားကို ငါဘယ်လိုယုံရမှာလဲ "

လို့ မေးတဲ့အခါ ကျားကြီးက…

"ခရီးသွား…ငါပြောတာနားထောင်ပါဦး၊ ငယ်တုန်းကတော့ ငါတော်တော်ဆိုးခဲ့ပါတယ်၊ နွားနဲ့ လူပေါင်းများ စွာကို သတ်ခဲ့တဲ့အတွက် ငါ့သားမယားတွေလည်း သေကုန်ကြလို့ ငါ့မှာဆွေမျိုးမဲ့နေပါပြီ။ တစ်နေ့မှာ တရားရှင်တစ်ယောက်နဲ့တွေ့ပြီး ငါ့ကိုဆိုဆုံးမလို့ အခုငါဟာ အလှူဒါနပြုခြင်း စတဲ့ ကောင်းမှုပြုတဲ့ သူတော်ကောင်းကြီးဖြစ်နေပါပြီ၊ ပြီးတော့လည်းငါ့မှာ ခြေသည်း လက်သည်း အစွယ်သွား တွေ ကြွေလို့ အဖိုးကြီးဖြစ်နေသောကြောင့် မယုံကြည် နိုင်စရာ အကြောင်းမရှိပါဘူး "

"ယဇ်ပူဇော်ခြင်း ဝေဒကို သရဇ္ဈာယ်ခြင်း အလှူပေးခြင်း ခြို့ခြံစွာကျင့်ခြင်း
မှန်သောစကားကိုဆိုခြင်း တည်ကြည်ခြင်း သည်းခံခြင်း လောဘမကြီးခြင်းဆိုတဲ့ အကျင့်ရှစ်ပါးရှိပါတယ်။ အဲဒီအကျင့်ရှစ်ပါးထဲမှာ ရှေ့လေးပါးက ထင်ပေါ်ကျော် ကြား လှည့်စားခြင်းငှာလည်း ကျင့်ကြတယ်။ နောက်လေးပါးကတော့ စိတ်ထားမြတ်သူတို့မှာသာ တည်တယ်။ ဒါကြောင့်မို့ ငါဟာလောဘကင်းနေပြီဖြစ်လို့ ဒီရွှေလက် ကောက်အားတစ်ဦးဦးကို ပေးချင်နေတာပါ။ ဒါပေမဲ့ ကျားဆိုတာ လူသားစားတတ်တယ်ဆိုတဲ့ လူတွေရဲ့ စွပ်စွဲချက်ကိုတော့ တားမြစ်ပိတ်ပင်ရန် ခဲရင်းလှပါတယ်"

"လောကကြီးဟာ…ရှေးရိုးစဉ်လာကို လိုက်လေ့ရှိတယ် တရားနည်းလမ်းညွန်ပြတတ်တဲ့ အောင်သွယ်မိန်းမရဲ့စကားကို နွားသတ်တဲ့ပုဏ္ဏားရဲ့စကားလောက် ဘယ်သူမှ အရေးမထားပေ…"

"ခရီးသွား…ငါလည်း တရားဓမ္မတွေကို သင်ယူ ထားပါတယ် ။ သင်နားထောင်ပေးပါဦး…"

"ရေရှားတဲ့အရပ်မှာ မိုးရွာသလို ငတ်မွတ်နေသူအား အစာပေးတာ အကျိုးရှိတယ် မရှိဆင်းရဲသားအား အကျိုးရှိတဲ့ ဒါနကိုပေးသင့်တယ်…"

"မိမိအသက်ရှင်ချင်သလို သတ္တဝါတွေရဲ့အသက်တွေကိုလည်း ရှင်စေချင်ရတယ် ကိုယ်ချင်းစားတရားဖြင့် သူတော်ကောင်းတွေက သတ္တဝါအားလုံးကို သနားကြတယ်…"

"တောင်းတာကိုငြင်းပယ်ခြင်း  ပေးခြင်း ချမ်းသာ ဆင်းရဲ အချစ် အမုန်းတို့၌ ကိုယ်ချင်းစာသဖြင့် လူတစ်ယောက်ရဲ့စံကို သိရတယ်…"

"သူတပါးသားမယားကို အမေလို သူတပါးစည်းစိမ်ကို မြေကြီးခဲလို
သတ်တဝါအားလုံးကို မိမိလို သဘောထားနိုင်ရင် အဲဒီလူဟာ အမြင်မှန်ရတဲ့ ပညာရှိပဲ…"

သင်ခရီးသွားသည်လည်း အတော်ဆင်းရဲပုံရတယ်။ ဒါကြောင့် ဒီရွှေလက်ကောက်အား သင့်ကိုပေးဖို့ အလွန်ကို ဆန္ဒရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့…

" ဆင်းရဲသားတို့ကို ကျွေးမွေးစောင့်ရှောက်ပါ ချမ်းသာတဲ့သူကို ဥစ္စာမပေးပါနဲ့ ဆေးဟာ မကျန်းမာသူအတွက်သာ အကျိုးရှိတယ် ကျန်းမာတဲ့သူအတွက် ဘာအကျိုးမှ မရှိလို့ပဲ"

"ဤကဲ့သို့ သင်ယူမှတ်သားခဲ့ရပါတယ် ။ နောက်ထပ်ကျမ်းဂန်ထဲမှာ သင်ခဲ့ရတာကတော့…

"အလှူလှူမယ်ဆိုရင်… ကိုယ့်ကိုကျေးဇူးမပြုဘူးသူကို လှူသောအလှူဒါနနှင့် ဒေသ ကာလ မြတ်သောအလှူခံတို့၌ လှူသောအလှူဒါနဟာ မြတ်တယ်လို့ သင်ယူခဲ့ရဘူးပါတယ်။  ဒါကြောင့်မို့သင်သည် ဒီရေအိုင်မှာရေချိုးပြီး ရွှေလက် ကောက်ကို ယူပါ"

လို့ ကျားကြီးကပြောတဲ့အခါ ခရီးသွားဟာ ကျားရဲ့စကားကိုယုံပြီး လောဘရဲ့ဆွဲ ဆောင်မှုကြောင့် ရေချိုးရန် ရေအိုင်ထဲသို့ဆင်းတဲ့အခါ ညွန်ထဲနစ်ပြီး ရုန်းထွက်မရပဲ ဖြစ်နေလေ၏။

ထိုအခါ ကျားကြီးက…
"အို…ညွန်ထဲနစ်သွားတာပဲ၊ စိတ်မပူပါနဲ့၊ သင့်ကိုငါ ကယ်မယ်" ဆိုပြီး တဖြေးဖြေးအနားကပ်သွားကာ ခရီသွားကို ဖမ်းယူကိုက်ချီလိုက်တဲ့အချိန်မှာ ခရီးသွားက နောင်တရပြီး စဉ်းစားလေ၏ ။

"တရားကျမ်းဂန်ကို ရွတ်ဖတ်ခြင်းဟာသူယုတ်မာအတွက် သူတော်ကောင်းဖြစ်ရန် အကြောင်းရင်းမဟုတ်ဘူး နွားနို့ဟာ ပင်ကိုယ်အားဖြင့်ချိုသလို
မျက်နှာပန်းလှအောင် ဗန်းပြတဲ့အရာတွေထက် ပင်ကိုယ်သဘောကသာ
သာလွန်လွှမ်းမိုး၏"

"မိမိရဲ့ဣနြေ္ဒနဲ့စိတ်ကို မထိန်းနိုင်တဲ့သူတွေရဲ့ အပြုအမူဟာ ဆင်ရေချိုးသလို ဘာအကျိုးမှမရှိဘူး ကိုယ်ကျင့်တရားကင်းတဲ့ ဥာဏ်ပညာဟာ
ရုပ်ဆိုးတဲ့သူ တန်ဆာဆင် သလို ဝန်လေးရုံသက်သက်ပါပဲ…"

အခုတော့ ငါသည် ယုတ်မာသေားကျားအပေါ် ယုံမိခြင်း မှာ မကောင်းသောလုပ်ရပ်ကို လုပ်မိသွားပြီ။ ဒါကြောင့် ရှေးပညာရှိတွေက ဒီလိုဆိုထားတာပဲ…

" ဦးချိုရှိတဲ့ သတ္တဝါရယ် မြစ်ရယ် ခြေသည်း လက်သည်းရှိတဲ့သတ္တဝါရယ်
လက်နက်ရှိတဲ့သူတွေရယ် (မကောင်းတဲ့)မိန်းမရယ် မင်းမျိုးတွေရယ်ကို ယုံကြည် ခင်မင် အကျွမ်းမဝင်သင့်ဘူး…"

" အရာအားလုံးရဲ့ သဘာဝကိုသာ စူးစမ်းလေ့လာသင့်တယ် အခြားသောဂုဏ်တွေကို မစူးစမ်း မလေ့လာသင့်ဘူး အဘယ့်ကြောင့်လဲဆိုတော့
သဘာဝဟာ ဂုဏ်တွေရဲ့အထက်မှာတည်လို့ပဲ "

နောက်ဆုံးတော့ ခရီးသွားလည်း ကျားလက်မှလွတ် လမ်းမမြင်တော့တဲ့အဆုံး ကံကိုသာပုံချလေတော့၏ ။

"ကောင်းကင်မှာရှိတဲ့ ရောင်ခြည်တစ်ထောင်အလင်းဆောင်တဲ့ နေမင်းရယ် ကြယ်တာရာကြားမှာခစားတဲ့ လမင်းတို့တောင်မှ ရာဟုဖမ်းတာ ခံရသေးတာပဲ ကံကြမ္မာကစီရင်လိုက်တဲ့ ဒီနဖူးပြင်က အမှတ်အသားကို ဘယ်သူက ဖျောက်နိုင်မှာတဲ့လဲ…"

ဤသို့ စိတ်ဓာတ်ကျပြီး တွေးတောစဉ်းစားနေစဉ်မှာပဲ ကျားရဲ့ကိုက်သတ်ခြင်းကိုခံလိုက်ရလေ၏။

ရွှေလက်ကောက်ကို လိုချင်တဲ့လောဘကြောင့် ညွန်နစ်သွားသော ခရီးသည်တစ်ယောက်ဟာ ကျားအိုကြီးရဲ့ကိုင်သတ်ခြင်းကြောင့် သေခဲ့ရဘူးလေပြီ…။]

[https://youtu.be/q8glruL4LyY]

[Travel with the old man]

[Once upon a time, an old tiger bathed by a lake and always ate grass when seen by others.
When he saw a tourist while sitting on the shore, holding a bunch of grass to make him think it was La

He said, "O traveler, take the golden bracelet from me."

The traveler thought in his mind that he had become greedy. This gold bracelet is due to my past glory. But there is one thing to think about.

"It is not good to get something that you love from something you don't like. Amay Sudha mixed with poison can kill life..."

But the adventure in searching for property, Or there will be danger.

"A person who does not risk does not see the good situation. If he risks and is still alive, he can see the good situation..."

So I'll check first...

"Oh tiger...where is your gold bracelet?" When asked, the tiger showed the gold bracelet.

Then the traveler said... "How can I trust a meat-eating tiger?"

When the tiger asked...

"Traveler...Listen to me, I was very bad when I was young. My sons and wives died because I killed many cows and people, so I have no relatives. One day I met a preacher and he told me that now I am a good person who does good things such as giving charity. Also, I am an old man because my nails and teeth are falling out, so there is no reason not to believe me."

"Sacrifices, the Vedas, enlightenment, donations, austerities
There are eight virtues: speaking the truth, being faithful, being patient, and not being greedy. Among these eight behaviors, the first four are also practiced to deceive the audience. The next four are established only in those with a noble mind. That's why I'm not greedy, so I want to give this golden hand to someone. But people's accusations that tigers are cannibals are hard to ban."

"The world... tends to follow ancient traditions. No one cares as much about the words of a matchmaker who guides the way as the words of a Brahmin who slaughters a cow..."

"Traveler...I have also learned the dharma. Listen to me..."

"Like rain in a dry place, giving food to the hungry is beneficial, but charity should be beneficial to the poor..."

"As I want to live, I also want to live the lives of creatures. Through compassion, good people have compassion for all creatures..."

"Rejection of asking, giving, rich, poor, love, hate, and sympathy for one's character can be known..."

"The wife of another is like a mother, and the wealth of another is like the earth."
If he can treat all the dead as his own, that person is a wise man with the right perspective…”

The traveler also seems to be poor. So I am very willing to give you this gold bracelet. Because...

"Feed the poor and don't give wealth to the rich. Medicine is only beneficial to the unhealthy because it has no benefit to the healthy."

"This is what I learned and remembered. In another scripture, I learned that...

"If you give charity... I have learned that giving charity to someone who does not thank you, and giving charity to a local good person is good. So, take a bath in this lake and take the golden bracelet."

When the tiger said, the traveler believed the tiger's words, and when he went down to the lake to bathe due to greed, he drowned and couldn't get out.

Then the tiger...
"Oh...you're drowning in the river, don't worry, I'll save you," the traveler thought regretfully as he slowly approached and grabbed the tooth.

"Reciting the scriptures is no reason for a bad person to be good. Milk is inherently sweet."
Intuition rather than the things that are displayed to make the face beautiful
"Overwhelming"

"The behavior of those who cannot control their composure and mind is as useless as bathing an elephant. Wisdom without morals
An ugly person is just reluctant to dress up…”

Now I have committed a bad deed in trusting the vile bandit. So the ancient sages said this...

"A creature with horns, a river, a creature with claws and claws
You shouldn't trust people with weapons or (bad) women or your kind...''

"One should only investigate the nature of everything and not the other virtues. Why?
Because nature is above honor."

In the end, the traveler could not see a way out of the tiger's hands, so he began to rely on luck.

"Even the sun, which carries a thousand rays of light in the sky, and the moon, which eats among the stars, has yet to be caught by Rahu. Who can hide this mark on the forehead, which fate decreed..."

While he was depressed and thinking about it, he was bitten by a tiger.

A passenger who drowned in greed for a golden bracelet was killed by an old tiger.]