သမင်၊ ကျီးနှင့် မြေခွေး
[ရှေးတုန်းက မာဂဓတိုင်းမှာ စကားပင်တွေများစွာ ပေါက်နေတာကြောင့် စမ္ပကဝတီအမည်ရှိတဲ့ တောအုပ်ကြီးတစ်ခုရှိတယ်။ အဲဒီတောအုပ်ကြီးထဲမှာ သမင်နှင့် ကျီးတို့ဟာ အလွန် ချစ်ခင်ရင်းနှီးစွာဖြင့် ကြာမြင့်စွာ နေထိုင်လာကြတယ်။ တစ်နေ့တော့ သမင်ဟာတစ်ကောင်ထဲ အစားအစာကို လှည့်လည် ရှာဖွေ စားသောက် နေစဉ် မြေခွေး တစ်ကောင်က မြင်တွေ့ပြီး စိတ်ထဲကနေ စဉ်းစားတယ်။ ဒီလောက်ဆူဖြိုးပြီး စားကောင်းမဲ့ သမင်သားကို ဘယ်လို စားရအောင် ကြံရမလဲ။ လောလောဆယ် ဟန်ဆောင် မိတ်ဆွေဖွဲ့ပြီး ရင်းနှီးအောင်လုပ်မှ အဆင်ပြေလိမ့်မယ်လို့ ကြံပြီး သမင် နားသို့ သွားပြီး မိတ်ဆွေ နေကောင်းရဲ့လားလို့ မေးလိုက် တယ်။ သမင်က သင်ဘယ်သူလဲ လို့ မေးတော့ မြေခွေးက ကျွန်ုပ်နာမည်က ခုဒ္ဒဗုဒ္ဓိ ပါ။ ဒီတောအုပ်ကြီးထဲမှာ မိတ်ဆွေ အပေါင်းအသင်းမရှိတာကြောင့် သူသေတစ်ဦးလို နေနေရပါတယ်။ အခုတော့ သင့်လို မိတ်ဆွေမျိုးကို တွေ့ ရလို့ သေရွာကနေ ပြန်လာရသလို ခံစားရပါတယ်။ ဒါကြောင့်မို့ အဆွေရဲ့ အခြွေရံ အခစား အနားမှာ နေခွင့်ပြုစေချင်ပါတယ်လို့ ပြောလိုက်တော့ သမင်က သဘောတွေကျပြီး အင်း ဒါဆိုလည်း သင့်သဘောလေ နေကြတာပေါ့လို့ ခွင့်ပြုလိုက်တယ်။ နေဝင်ခါနီးတဲ့ အခါ နှစ်ဦးသား သမင် နေထိုင်တဲ့ နေရာသို့ ပြန်လာကြတယ်။ သမင်နေတဲ့ နေရာမှာက စကားပင်ကြီး တစ်ပင်ရှိတယ်။ စကားပင်ကြီးရဲ့ အကိုင်း မှာက ကျီးနေတယ်။ ကျီးက သစ်ကိုင်း ထက်ကနေ သမင်နှင့် မြေခွေးတို့ အတူ လာတာကို တွေ့တော့ သမင်ကိုလှမ်းမေးတယ်။ အဆွေသမင်၊ သင်နှင့်ပါလာတာ ဘယ်သူလဲတဲ့။ သမင်က သူက မြေခွေးပါ လို့ဖြေတော့ ကျီးက အဆွေ သူစိမ်းတစ်ရံနဲ့ အကြောင်းမရှိပဲ အပေါင်းအသင်း မလုပ်သင့်ဘူး မျိုးရိုးနဲ့ အကျင့်စာရိတ္တ ကောင်း မကောင်း မသိရသေးတဲ့သူကို နေထိုင်ခွင့် မပေးသင့်ဘူး။ အဲဒီလို မသိပဲ ပေးခဲ့မိလို့ ကြောင် ကြောင့် ဇရဂ္ဂဝ အမည်ရှိတဲ့ လင်းတကြီး အသတ်ခံရဘူးတယ်၊ ကျီးက အဲဒီလိုပြောပြီး လင်းတကြီးနဲ့ ကြောင်တို့ရဲ့ ပုံပြင် ကို ပြောပြတယ် ကျီးရဲ့ စကားကိုကြားတော့ မြေခွေးက ဒေါသထွက်ပြီး ပြန်ပြောတယ်။ သင်နဲ့ သမင် စတွေ့တုန်းကလည်း အမျိုးအနွယ်၊ အကျင့်စာရိတ္တကို သိကြတာမဟုတ်ပါဘူး။ အဲဒီလိုမသိပါပဲ ဘယ်လိုစပြီး မိတ်ဆွေဖြစ်ကြလဲ။ ဘာလို့ အခုအထိ ခိုင်မြဲနေကြတာလဲ ဒါကတော့ လူရင်းပဲ ဒါကတော့ သူစိမ်းလို့ သတ်မှတ်တာဟာ အမြင်ကျဉ်းတဲ့ သူတွေရဲ့ သတ်မှတ်ချက်ပါပဲ။ အမြင်ကျယ်တဲ့ သူတွေအဖို့ကတော့ ။ တလောကလုံးဟာ ဆွေမျိုးတွေကြီးပါပဲ။ အနှစ်မရှိတဲ့တောမှာ ကြက်ဆူပင် မင်းမူ သလို ပညာရှိသူမရှိတဲ့အရပ်မှာ နည်းနည်းပါးပါး သိတဲ့သူဟာ အနူတော မှာလူချောပေါ့... ဒီလိုမြေခွေးက ခန့်သလိုပြန်ပြောတော့ သမင်က ဒီလိုတစ်ဦးနဲ့ တစ်ဦး ငြင်းခုန်နေလို့ ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့်မို့ ကျွန်ုပ်တို့အားလုံး ယုံယုံကြည်ကြည် ညီညီညွတ်ညွတ်နဲ့ တစ်နေရာထဲမှာ အတူနေ ကြတာပေါ့ ။ ဘယ်သူမှ ဘယ်သူရဲ့ မိတ်ဆွေလည်း မဟုတ် ရန်သူလည်း မဟုတ်ဘူး။ အပြုအမူ အလေ့အကျင့်နဲ့သာ မိတ်ဆွေ ရန်သူဖြစ်ကုန်ကြတယ်..၊ မပြောသာတော့တဲ့ အဆုံး ကျီးလည်း ကောင်းပါပြီ..ဒါဆိုလည်း သုံးဦးသား ညီညီညွတ်ညွတ် နေကြတာပေါ့ဆိုပြီး သဘောတူလိုက်ရတယ်။ တစ်နေ့မြေခွေးက သမင်ကို ဆိတ်ကွယ်ရာနေရာကို ခေါ်ပြီး အဆွေ သမင် ဒီတောရဲ့ အစပ်နားမှာ စပါးတွေ ပေါတဲ့ လယ်ကွက် တစ်ကွက် ရှိတယ်။ အဲဒီ နေရာကို သင့်ကို ငါပြမယ် ဆိုပြီး သမင်ကို လယ်ကွက်ရှိရာ ခေါ်သွားတော့တယ်။ အဲဒီနေ့ကစပြီး သမင်ဟာ အဲဒီလယ်မှာ နေ့ တိုင်း သွားစာတော့တယ်။ လယ်ရှင်လည်း သမင်နေ့တိုင်း လာစားတာကို သိတော့ ကျော့ကွင်း ထောင်ထားလိုက်တာ သမင်ကျော့ကွင်း မှာ မိပါလေရော။ ကျော့ကွင်းမိနေတဲ့ သမင်ဟာ အခုအချိန် မှာ ငါ့ကို မုဆိုးကျော့ကွင်းမှ လွတ်အောင် ကယ်နိုင်မဲ့သူဟာ မိတ်ဆွေရင်း မှတပါး အခြားဘယ်သူမှ ရှိမှာမဟုတ်ဘူးလို့ တွေးနေစဉ်မှာပဲ မြေခွေးက ရောက်လာတယ်။ မြေခွေးက အနားမှာ ရပ်ကြည့်ပြီး ငါ့ရဲ့ အကြံကတော့ အောင်မြင်ပြီ။ မကြာခင် ငါ့အလို ပြည့်တော့မယ်။ လယ်ပိုင်ရှင် ခုတ်ထစ်ထားတဲ့ အသွေး အသားတွေ နဲ့ လူးနေတဲ့ အရိုးရင်းတို့ကို ငါစားရတော့ မယ် ကြံကာ ပျော်နေတယ်။ သမင်က မြေခွေးကို တွေ့တော့ အားရဝမ်းသာနဲ့ အဆွေကျော့ကွင်းကို အမြန်ကိုက်ဖြတ် ပေးပြီး ကျွန်ုပ်ကိုကယ်ပေးပါ အကြောင်းကတော့ ဘေးရန်ရောက်တဲ့အခါ မိတ်ဆွေစစ် မ စစ်ကို၊ စစ်တိုက်တဲ့အခါ သူရဲကောင်း ဟုတ် မဟုတ်ကို၊ ကြွေးပေးတဲ့အခါ ရိုးဖြောင့်သူ ဟုတ် မဟုတ်ကို၊ ဥစ္စာတွေ ကုန်တဲ့အခါ၊ မယားကောင်း ဟုတ် မဟုတ်ကို၊ စီးပွားပျက်တဲ့အခါ ဆွေမျိုး ပီသ မပီသမှု ကို သိနိုင်တယ်.. ပျော်ပွဲသဘင် ဆင်ယင်ကျင်းပရာအခါ၊ ကံမကောင်း အကြောင်းမလှတဲ့အခါ၊ ငတ်မွတ်ခေါင်းပါး အလွန်ရှားတဲ့အခါ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့အခါ၊ မင်း အိမ်တံခါး ရုံးပြင်ကန္နားရောက်တဲ့အခါ၊ သုသာန်တစ သင်္ချိုင်းဝသို့ သွားရတဲ့အခါ ကူညီရပ်တည်ပေးသူဟာ မိတ်ဆွေစစ်ပါ၊ ထိုအခါ မြေခွေးက ကျော့ကွင်းကို အသေချာလှည့် ပတ်ကြည့်ပြီး ခိုင်ခံ့တဲ့ ကျော့ကွင်း ဖြစ်ကြောင်းကို သိတဲ့ အခါ.. အဆွေသမင် ဒီကျော့ကွင်းဟာ သတ္တဝါတို့ရဲ့ အကြောနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ ဒီနေ့ဟာ ဥပုသ်နေ့ကြီးမို့ ကျွန်ုပ်ရဲ့ သွားတွေနဲ့ ဒီကျော့ကွင်းကို ဘယ်လိုလုပ် ထိလို့ရမှာလဲ။ အဆွေကျွန်ုပ်ကို တစ်မျိုး မထင်ဘူးဆိုရင် မနက်ဖြန်မနက်မှ အဆွေပြောတဲ့အတိုင်း လုပ်ပေးပါ့မယ်လို့ပြောပြီး အနီးနားက ချုံထဲမှာ ပုန်းနေလေ၏။ မိုးလင်းခါနီး အထိ သမင် ပြန်မရောက်လာတဲ့အခါ ကျီးက စိတ်ပူပြီး နေရာအနှံ့လိုက် ရှာတော့ ကျော့ကွင်း မိနေတဲ့ သမင်ကို သွားတွေ့တယ်။ ဒီတော့ကျီးက အို..အဆွေ ဘယ်လို ဖြစ်ရတာလဲလို့ မေးတဲ့အခါ သမင်က မိတ်ဆွေကောင်းရဲ့ စကားကို နားမထောင်တဲ့ အကျိုးပါပဲ။ အကျိုးကိုလိုလားတဲ့ မိတ်ဆွေကောင်းတွေရဲ့ ပြောစကားကို နားမထောင်တဲ့သူ ဟာ ဘေးအန္တရာယ်နဲ့ နီးစပ်တယ်။ အဲဒီ လိုပုဂ္ဂိုလ်ကို ရန်သူတွေက သဘောကျတယ် ကျီးက အခုမြေခွေးစဉ်းလဲ ဘယ်မှာလဲလို့ မေးတဲ့အခါ သမင်က ကျွန်ုပ်ရဲ့ အသားကို စားလို၍ အနီးနားက ချုံကြား ထဲမှာ ပုန်းနေပါတယ်လို့ ဖြေတော့က ကျွန်ုပ်သင့်ကို အစထဲက ဒါတွေကို ကြိုမြင်လို့ သတိပေးခဲ့သားပဲ ငါ့မှာ ဘာအပြစ်မှ မရှိဘူး ဆိုပြီး ယုံကြည် စိတ်ချ မနေသင့်ဘူး။ သူတော်ကောင်းတွေကိုတောင် သူယုတ်မာတွေက အန္တရာယ်ပြုတတ်တယ်..၊ ကွယ်ရာမှာ အကျိုးစီးပွားကို ဖျက်ဆီးပြီး ကိုယ့်ရှေ့မှာတော့ ချိုသာတဲ့စကားလေးတွေ ပြောတတ်တဲ့မိတ်ဆွေကို နှုတ်ခမ်းမှာ နို့ရည်လူးထားတဲ့ အဆိပ်အိုးလို ရှောင်ကြဉ်သင့်လှတယ်.. ကျီးက သက်ပြင်းချပြီး ထပ်ပြောပြန်တယ်။ ကောက်ကျစ် ယုတ်မာလွန်းတဲ့ မြေခွေး၊ သင် ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲ၊ ကိုယ်က သူ့အပေါ် ချိုသာတဲ့ စကားလေး
တွေနဲ့ နူးနပ်ထားတယ် ။ ဟန်ဆောင်ကောင်းကောင်းနဲ့ အလိုလိုက် အကြိုက်ဆောင်ထားပြီး သူကလည်း ကိုယ့်အပေါ် တစ်ခုခု ရနိုးနိုးနဲ့ မျှော်လင့်အားထား သူတောင်းစားလို ဖြစ်နေတဲ့သူကို လိမ်လို့ရခြင်းဟာ လောက ကြီးမှာ အခုမှမဟုတ် အရင်ထဲက ရှိခဲ့တယ် သင်လည်း ဒီနည်းအတိုင်း သမင် အပေါ် ယုတ်မာရက်တယ် ၊ ကိုယ့်အပေါ်လည်း ကျေးဇူးရှိတယ်။ ကိုယ့်ကိုလည်း ယုံကြည်တယ် ။ စိတ်ထားလည်းကောင်းတယ် ။ ဒီလို ပုဂ္ဂိုလ်မျိုးအား ကျေးစွပ်ပြီး ယုတ်မာတဲ့သူကို မဟာပထဝီ မြေကြီးက ဘာလို့ လက်ခံထားတာလဲ ၊ သူယုတ်မာနဲ့ ဖက်ပြီး ရန်လည်း မဖြစ်သင့် ဘူး ။ မိတ်ဆွေလည်း မဖွဲ့သင့်ဘူး ။ မီးခဲ ဟာ ကိုင်တဲ့သူကို ပူနေတုန်းမှာ လက်ကို လောင်တတ်ပြီး အေးသွားတော့ လက်ကို မည်းစေတယ်
ခြင်ဟာ အရင်ဆုံး ခြေထောက်မှာ နားတယ် ။ ပြီးတော့ ကျောကုန်းကို ကိုက်တယ်။ နောက်တော့ နားနားမှာ တဝီဝီ အော်တယ် ။ နောက်ဆုံး မွှေးညှင်းပေါက်ကို ရှာပြီး ဝင်ရောက် ကိုက်ခဲတယ်။ လူယုတ်မာလည်း အရင်ဆုံး ခြေရင်းအနား ခစားတယ်။ ပြီးတော့ နောက်ကျောကို ဓားနဲ့ထိုးတယ် ။
နောက်တော့ သူမဟုတ်သလို တီတီ တာတာ ပြောတယ် ။ နောက်ဆုံး အပြစ်အနာအဆာ အပေါက်ကိုရှာပြီး ဝင်ရောက် ဒုက္ခပေးတယ် ။ ဒါကြောင့် ခြင်နဲ့ သူယုတ်မာဟာ တူတယ် ၊ သူယုတ်မာလည်း ချစ်စဖွယ် စကားလုံးတွေကို သုံးတယ် ။ ဒီအချက် တစ်ခုထဲနဲ့ တော့ ရင်းနှီး ကျွမ်းဝင် မဖြစ်သင့်ဘူး ။ နှုတ်ခမ်းမှာ ပျားရည် လူးထားပြီး နှလုံးသား မှာတော့ အဆိပ်တွေ သိမ်းထားတယ်ဆိုတာ သိထား သင့်တယ်၊ ကျီးဟာ ထိုသို့ ပြောဆို နေစဉ်မှာပဲ နံနက်
မိုးသောက် အလင်းရောက် လာတဲ့အခါ
တုတ်ကို လက်ကကိုင်ပြီး လာနေတဲ့ လယ်ပိုင်ရှင်ကိုမြင်တော့ သမင်ကို၊ မိတ်ဆွေ သမင် သေချင်ယောင်ဆောင်ပြီး ဗိုက်ကို ဖေါင်းအောင်လုပ်ခါ ခြေထောက်တွေကို တောင့်တင်း ထားပါ ။ ကျွန်ုပ်က အဆွေရဲ့ မျက်လုံးကို ထိုးဆွသလို ဟန်ဆောင် နေပါ့မယ် ။ လယ်ပိုင်ရှင်အနားသို့ ရောက်လာရင် ကျွန်ုပ်က အနားကနေ အသံပြု အချက်ပေးတာနဲ့ ထပြေးပါ။ လို့ အကြံပေးတယ် ။ သမင်လည်း ကျီးအကြံပြုတဲ့ အတိုင်းလုပ် နေတဲ့အခါ လယ်ပိုင်ရှင်ဟာ သမင်ကို တွေ့ ပြီး ဟာ သမင်က အလိုလို သေနေပေါ့လားလို့ တစ်ယောက်တည်း ပြောဆိုပြီး သမင်ကို ကျော့ကွင်းမှ ဖြေကာ ကျော့ကွင်းကို စိတ်ချလက်ချ ခေါက်သိမ်းနေစဉ် ကျီးက အသံပြုပြီး အချက် ပြလိုက်တာနဲ့ တစ်ပြိုင်နက် သမင်က ထပြေးပါလေရော ။
သမင် ထပြေးတာကိုမြင်တော့ လယ်ပိုင်ရှင်က အနားမှာ ရှိတဲ့တုတ်နဲ့ တစ်အား လွှဲပစ်လိုက်တာ သမင်ကို မထိပဲ သမင်သား စားဖို့ ချုံထဲမှာ ပုန်းနေတဲ့ မြေခွေးကို သွားထိမှန်ပြီး မြေခွေး နေရာမှာပဲ ပွဲချင်းပြီး သေသွားလေ တော့တယ် ။
အလွန် အားထုတ်ပြုလုပ်အပ်တဲ့
ကောင်းမှု မကောင်းမှုတို့ရဲ့ အကျိုးဟာ သုံးနှစ် သုံးလ သုံးပက္ခ သုံးရက် အတွင်းမှာ မုချ စံစား ခံစားရတယ်.. အစာဖြစ်တဲ့သူနဲ့ အဲဒီအစာကို စားတတ် သူနှစ်ဦး အတူတူ နေထိုင်ခြင်းဟာ ပျက်စီး ခြင်းရဲ့ အကြောင်းပါပဲ။ မြေခွေးရဲ့ ညစ်ပတ်တဲ့ မာယာကြောင့်
ကျော့ကွင်းမိတဲ့ သမင်ကို ကျီးက ကယ်ခဲ့ဖူးတယ်။ ][]
[Deer The raven and the fox]
[Once upon a time in Magadha, there was a large forest called Sampakavati, because there were many trees growing there. In that forest, the deer and the raven lived for a long time with great affection. One day, while the deer was wandering around looking for food, a fox saw it and thought to himself. How can we plan to eat such a fat and unpalatable deer? At the moment, pretending to be friends and getting close, thinking that it would be convenient, I went to the deer's ears and asked if my friend was doing well. The deer asked who are you, and the fox said my name is Kadabuddhi. He lives like a dead man because he has no friends in this forest. Now that I've found a friend like you, I feel like I've come back from the dead. That's why I said that I would like to be allowed to stay near my friend's escort. When the sun was about to set, the two returned to the place where the deer lived. Where the deer is, there is a big tree. A crow is sitting on the branch of the proverb tree. When the raven saw the deer and the fox coming from above the branch, he approached the deer and asked. Friends Who came with you? The deer answered that he was a fox, and the raven said that one should not associate with a pair of strangers for no reason, and one should not be allowed to live with someone whose lineage and character are unknown. Because I did not know that, the vulture named Zargava was not killed by the cat. The raven said this and told the story of the vulture and the cat. Hearing the raven's words, the fox got angry and retorted. When you and the deer first met, offspring, It is not that they know morality. How did you become friends without knowing that? Why have they persisted until now? This is real people. This is what defines a stranger as a narrow-minded definition. For those with broad vision. The whole world is relatives. In a forest without years, a jatropha tree is like you, in a place where there is no wisdom, a person who knows little is a handsome man in anu forest... The fox replied as if the deer was arguing with such a person, and there is no benefit. That's why we all believe and live together in one place. No one is anyone's friend or enemy. They become friends and enemies just by behavior and practice.. The end of the story is good. One day, the fox called the deer to a hiding place, and there was a field full of rice near the edge of the forest. I will show you that place and started taking the deer to the field. From that day on, the deer started going to the farm every day. The farmer found out that the deer came to eat every day, so he put a net in the deer net. Just as the snared deer was thinking that now there would be no one who could save me from the hunter's snare but my friend, the fox came. The fox stood by and saw that my plan had succeeded. Soon my wish will be fulfilled. I am happy to eat the flesh and blood that the owner of the farm cut and the rolling bones. When the deer saw the fox, he was happy and quickly tore the trap and save me, because when he comes to danger, he is a true friend. When you fight, whether you are a hero or not, When he gives a loan, whether he is honest or not, When things run out, whether she is a good wife or not When the business fails, you can know the relative sentimentality.. When celebrating the festival, When it's unfortunate, When hunger is very rare, When the country is in turmoil, When you get to the office outside the door, When you go to the cemetery, the person who stands by you is a true friend. Then the fox carefully looked around the net and realized that it was a strong net.. Dear deer, this net is made of the sinews of animals. Today is the Sabbath, so how can I touch this snare with my teeth? He hid in a nearby bush, saying that if he doesn't think of me as one, he will do as he says tomorrow morning. When the deer didn't come back until dawn, the raven got worried and looked all over the place to find the deer caught in the snare. So, when the crow asked how to be a friend, the deer did not listen to the words of a good friend. A person who does not listen to the words of good friends who want benefit is close to disaster. Enemies love such a person.When the raven asked where the fox was now, the deer wanted to eat my flesh and was hiding in a nearby bush.Even good people are harmed by bad people.. You should avoid a friend who destroys your interests and speaks sweet words in front of you like a poison pot with milk on your lips.. The raven sighed and spoke again. A fox that is too cunning, Why are you so mean? I have a sweet word for him
I am satisfied with it. He pretended to be good and had a spontaneous liking, and he was looking forward to something about himself and hoping to lie to someone who is like a beggar. I am grateful to myself. I believe in myself. Good attitude. Why does the earth accept this kind of person who is rude and mean? You shouldn't fight with a mean person. You should not make friends. The coal burns the hand while it is still hot and turns black when it cools down
The mosquito first lands on the leg. And biting the back. Then Tawiwi shouted in my ear. Find the last sweet hole and enter and take a bite. The poor man is also the first to eat hard at the base. Then stabbed in the back.
Then he said that it was not him. Find the last flaw and enter and cause trouble. Therefore, mosquitoes and rascals are the same. He used cute words. This alone should not be familiar. You should know that there is honey on the lips and poison in the heart. While the raven was saying that in the morning
When the morning light comes
When he saw the owner of the field coming with the stick in his hand, he saw the deer, Friend Deer pretend to die and make your stomach growl, keep your legs strong. I will pretend to poke my friend's eyes. If you come near the owner of the farm, I will sound the alarm from the side and run away. He advised. When the deer did as the raven suggested, the owner of the field saw the deer and said to himself that the deer was dying by itself.
When he saw the deer running away, the owner of the field swung it with a nearby stick, but instead of hitting the deer, it hit the fox who was hiding in the bush to eat the deer meat, and the fox died on the spot.
It takes a lot of effort
The result of good and bad is definitely felt within three years, three months, three weeks, and three days. Because of the fox's dirty maya
A raven once saved a deer caught in a snare]
