မိမိကိုယ်သာ အားကိုးပါ
[တောအုပ်တစ်ခုထဲမှာ နေထိုင်ကျက်စားတဲ့ ယုန်တစ်ကောင် ရှိပါတယ်။ ယုန်ကလေးမှာ သူငယ်ချင်းတွေ အများကြီး ရှိပြီး သူ့သူငယ်ချင်းတွေ အတွက်လည်း သူက အမြဲ ဂုဏ်ယူတတ်တဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ယုန်ကလေးဟာ တောခွေးတွေရဲ့ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရပါတယ်။ အရမ်းကို ကြောက်လန့်သွားတဲ့ ယုန်ကလေးဟာ တစ်ကောင်းတည်း မနေရဲတော့ဘဲ သူ့သူငယ်ချင်းဖြစ်တဲ့ သမင်လေးဆီ အပြေးသွားပါတယ်။ “သူငယ်ချင်းရေ….. ငါတော့ တောခွေးတွေ ဟောင်သံ ကြားလိုက်လို့ မင်းဆီ ပြေးလာတာ။ မင်းရဲ့ ချွန်မြတဲ့ ဦးချိုတွေနဲ့ တောခွေးတွေကို မောင်းထုတ် ပေးပါလား” လို့ သမင်ကို အကူအညီ တောင်းလိုက်ပါတယ်။ သမင်က “ဟုတ်တာပေါ့….. ငါလုပ်နိုင်တာပေါ့။ ဒါပေမယ့် ခုတော့ မဟုတ်သေးဘူးကွ။ ငါမအားသေးဘူး၊ မင်းကလည်း ဝက်ဝံကို ပြောကြည့်ပါအုံးလား” လို့ သမင်က ယုန်ကို ပြန်ပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ ယုန်ကလေးက ဝက်ဝံဆီ အပြေး သွားလိုက်ပြန်ပါတယ်။ “သန်မာလှတဲ့ ငါ့ သူငယ်ချင်းရေ ငါ့ကို ကူညီပါအုံး။ တောခွေးတွေက ငါ့ကို စားတော့မယ်၊ သူတို့ကို မောင်းထုတ်ပေးဖို့ ကူညီပေးပါလား” လို့ ပြောလိုက်ပါတယ်။ ဝက်ဝံက “ဟာ…. ဆောရီးပါ သူငယ်ချင်းရာ။ ငါ့မှာ ဗိုက်ဆာလွန်းလို့ အစာရှာရမယ်။ ငါအရမ်း ပင်ပန်း နေပြီ။ မင်းသူငယ်ချင်း မျောက်တွေကို ပြောကြည့်ပါလား” လို့ ယုန်ကို ပြန်ပြောလိုက်ပြန်ပါတယ်။ ယုန်ကလေးက မျောက်တွေဆီ အပြေးသွားပြန်ပါတယ်။ မရပြန်တဲ့အခါ ဆင်တွေဆီ ရောက်သွားပြန်တယ်၊ နောက်တော့ ဆိတ်တွေနဲ့ အခြားသော ယုန်ကလေးရဲ့ သူငယ်ချင်းတွေဆီ တလှည့်စီ သွားပြီး အကူအညီ တောင်းကြည့်ပြန်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့ကို ကူညီဖို့ အဆင်သင့် မဖြစ်ကြပါဘူး။ ယုန်ကလေးက ဝမ်းနည်းသွားပေမယ့် နားလည်သွားပါတယ်။ ခြုံပုတ်တွေ ကြားထဲကို ပြေးဝင်လိုက်ပြီး ဝပ်နေလိုက်တဲ့ အတွက် ယုန်ကလေးက တောခွေးတွေရဲ့ ရန်ကနေ လွတ်မြောက် သွားခဲ့ပါတယ်။ အဲဒီ့ အချိန်က စပြီး ယုန်ကလေးက ဘယ်အရာမှာမဆို ကိုယ့်ကိုကိုယ် အားကိုးဖို့သာ ကြိုးစားပါတော့တယ်။ အခြားလူတွေ အပေါ် မှီခိုခြင်းက မသေချာဘဲ ကိုယ့်ကိုကိုယ် အားကိုးခြင်းကသာ အကျိုးရှိနိုင်ကြောင်း ယုန်ကလေးက နားလည်သွားပါတော့တယ်။][https://youtu.be/oS_0mkG-YS8]
[Rely on yourself]
[There is a rabbit living in a forest. The rabbit has many friends and he is always proud of his friends. One day, the rabbit heard the loud howling of wild dogs. The rabbit, who was very scared, ran to his friend, the deer. "My friend... I heard wild dogs barking and came running to you. Drive away the wild dogs with your sharp horns.” He asked the deer for help. The deer said, "Yes, of course... I can do it." But not yet. I am not yet "Tell the bear," said the deer to the rabbit. And so the rabbit ran to the bear again. "My strong friend, help me. Wild dogs are going to eat me. Help drive them out?” he said. The bear said, “Ha…. Sorry my friend. I'm so hungry I have to find food. I am very tired. "Tell your friend the monkeys," he said to the rabbit again. The rabbit ran to the monkeys again. When he didn't get it, he went to the elephants again. Then I went to the goats and the other rabbit's friends in turn to ask for help again. But no one is ready to help him. The rabbit was sad but understood. Running into the bushes and crouching down, the rabbit escaped from the wild dogs. From then on, the little rabbit tried to rely on himself for anything. The little rabbit began to understand that depending on other people is not sure, but relying on yourself can be beneficial]
