သားမောင်၊ ဝက်ဝံကြီးနှင့် ရှဉ့်ကလေး
[သားမောင်သည် အလွန်တရာ တီးချင် မှူတ်ချင်သော မျောက်ကလေး တစ်ကောင်ဖြစ်သည်။ သူသည် အခြား မျောက်ကလေးများ အစာရှာ ခုန်ကူး ပျော်ပါး နေကြချိန်တွင် လှပသော တီးလုံး လေးများ တီးခတ်ရန် စိတ်ကူး ယဉ်လေ့ရှိသည်။ သူငယ်ချင်း မျောက်ကလေးများ အစာရှာ စားသောက် နေချိန်တွင် ရသများ အစားအစာများ ၊ သစ်သီးများကို တီးခတ်လှုပ်ရှားကာ အသံစမ်းလေ့ ရှိသော သားမောင်ကို အခြား မျောက်ကလေးများက မျောက်ရူးလေးဟု သတ်မှတ် ကြလေသည်။ တစ်နေ့သော် သားမောင်သည် အုန်းသီးလေး တစ်လုံး ကောက်ရရာ လှုပ်ခါကြည့်လိုက်၊ ထုကြည့်လိုက် နှင့် အသံ စမ်းသပ် လေတော့သည်။ အုန်းသီးလေးသည် လှုပ်ခါ လိုက်သောအခါ အုန်းရေ ဘောင်ဘင် ခတ်သံလေး “ပလောက်… ပလောက် ” နှင့်ပေါ်ထွက်လာရာ အလွန်သာယာ လေသည်။ သားမောင်သည် အုန်းရေသံလေးကို အလွန် သဘောကျကာ အုန်းသီးလေးကို သူ သွားလေရာ ယူသွားပြီး တီးခတ် လေတော့သည်။ ရက် အနည်းငယ် ကြာသော် သားမောင်သည် သစ်ပင်ကြီး တစ်ပင်အောက်မှ ဖြတ်သွားရာ သစ်ခေါင်းထဲမှ အသံ တစ်သံ ကြားလေသည်။ အသံမှာ “တုံ- တုံ-တုံ-တုံ” နှင့် အလွန် နားထောင် ကောင်းလေသည်။ သားမောင်သည် ထိုအသံလေးကို နှစ်သက်သဖြင့် အသံပိုင်ရှင်ကို တွေ့ရန် ဆုံးဖြတ် လိုက်လေသည်။ ထို့နောက် သူသည် သစ်ပင်ကြီးပေါ် တက်သွားကာ သစ်ခေါင်းထဲသို့ လှမ်းကြည့် လိုက်သောအခါ ရှဉ့်လေး တစ်ကောင်သည် သစ်စေ့လေးများကို သစ်ကိုင်း ခြောက်ကလေးနှင့် တီးခတ် နေသည်ကို တွေ့ရလေသည်။ သားမောင်က ရှဉ့်ကလေးကို သစ်ခေါင်းအ၀မှ ချောင်းကြည့်ရင်း “မင်းတီးတာ သိပ် နားထောင် ကောင်းတာပဲ သူငယ်ချင်းရေ တို့များ အတူတူ တီးခတ်ကြ ရအောင်လား” ဟု ဖိတ်ခေါ် လိုက်ရာ ရှဉ့်လေးမှာ သစ်စေ့လေးတွေ ကိုင်ရင်း သစ်ကိုင်းခြောက်လေးကို ချီကာ သစ်ခေါင်းထဲမှ ထွက်လာ လေသည်။ ထို့နောက် သားမောင် နှင့် ရှဉ့်ကလေးတို့ အတူတကွ တီးခတ်ကြရာ အလွန် သာယာသော တီးလုံးလေး ပေါ်ထွက်လာလေသည်။ ထို အချိန်တွင် တောထဲမှာ ပျားရည် လျှက်နေသော ၀က်ဝံကြီးတစ်ကောင်သည် သားမောင်တို့ တီးလုံးကို ကြားကာ အလွန် သဘောကျ သွားလေသည်။ သူသည် စားလက်စ ပျားသလက်ကြီးကို ပစ်ချကာ ခေါင်းတစ်ခါခါ လည် တစ်ဆန့်ဆန့် နှင့် ကခုန်ရင်း သားမောင်တို့ တီးဝိုင်းသို့ ရောက်လာလေသည်။ သားမောင် နှင့် ရှဉ့်ကလေးက တီးလိုက် ၀က်ဝံကြီးက ကလိုက်နှင့် သူတို့သည် အလွန် ပျော်ရွှင် နေကြကာ သူငယ်ချင်းများ ဖြစ်သွားကြလေသည်။ တစ်နေ့သော အခါ စပါးကြီး မြွေကြီး တစ်ကောင်သည် သတ္တဝါလေးများအား ဖမ်းဆီး စားသောက်ရင်း သားမောင်တို့ နေထိုင်ရာ တောထဲသို့ ရောက်လာလေသည်။ သတ္တဝါလေးများသည် စပါးကြီး မြွေရန် ကြောက်ရသဖြင့် အစာရှာ မထွက်ရဲကြတော့ပေ။ စုစည်းကာ မြွေဆိုးကြီးကို နှိမ်နင်းရန် တိုင်ပင် ကြသော်လည်း ဘယ်သူမှ မသွား ရဲကြပေ။ သို့သော် သားမောင်တို့ သူငယ်ချင်း တစ်သိုက်မှာ မြွေဆိုးကြီးကို သူတို့ နှိမ်နင်း ပေးမည် ဖြစ်ကြောင်း ပြောသောအခါ အားလုံးမှာ အံ့သြနေကြလေသည်။ အချို့က ဒီတီးလုံးသာ တီးတတ်သော ရူးပေါပေါ သုံးကောင်မှာ မြွေကြီးအား အဘယ်သို့ နှိမ်နင်း နိုင်ပါမည်နည်းဟု လှောင်ပြောင် ကြလေသည်။ သားမောင်တို့မှာ မမှုပေ။ အချိန်ကျသော် သားမောင် ၊ ရှဉ့်ကလေးနှင့် ၀က်ဝံကြီးတို့မှာ အုန်းသီးလေး နှင့် သစ်စေ့လေးများ ပိုက်ကာ မြွေကြီးရှိရာ ပညောင်ပင်ကြီးသို့ ထွက်ခွါ သွားကြလေသည်။ သစ်ပင်ကြီးသို့ ရောက်သောအခါ သူငယ်ချင်း သုံးယောက်သည် သူတို့ တီးလုံးလေးကို စတင် တီးခတ်ကာ ကခုန်ကြတော့သည်။ ခေတ္တမျှ ကြာသော် မြွေကြီးသည် ပညောင်ပင်ကြီး ပေါ်မှနေ၍ ကခုန်ချင်လာကာ တလူးလူး တလွန့်လွန့် ဖြစ်လာလေသည်။ ထိုသို့ မြွေကြီး ထွက်လာသည်နှင့် တပြိုင်ထဲ သားမောင်တို့သည် တီးလုံးကို အရှိန်မြှင့်ကာ ပိုမို တီးခတ် ကခုန်ကြလေသည်။ မြွေကြီးသည် သားမောင်တို့ တီးလုံးတွင် နစ်မျောကာ ပါးဗြင်းကြီး တလွန့်လွန့်နှင့် ကနေလေတော့သည်။ ထို့နောက် မြွေကြီးလည်း သားမောင်တို့ တီးဝိုင်းနှင့် ကခုန်ရတာကို အလွန် သဘောကျလှသဖြင့် သတ္တဝါလေးများအား လည်း လွတ်မြောက်ခွင့် ပေးလိုက်ကာ သားမောင်တို့ တီးဝိုင်းတွင် သူလည်း ပါဝင် ကပြ လေတော့သည်။ ထိုအခါ သတ္တဝါများ စုရုံးရောက်ရှိ လာကာ သားမောင်တို့အား ချီးမွမ်းကြလေသည်။ သားမောင်၊ ၀က်ဝံကြီး ရှဉ့်ကလေး နှင့် မြွေကြီးတို့မှာ သူတို့နှစ်သက်သော တီးလုံးများ တီးခတ်ရင်း ၊ ကခုန်ရင်း ပျော်ရွှင်စွာ နေထိုင် သွားကြလေတော့သည်][]
[Son Maung The big bear and the squirrel]
[Son Maung is a little monkey who wants to play and sing very much. He often dreams of playing beautiful little tunes while the other monkeys are happily jumping around looking for food. Friends, the monkey children are looking for food and eating. Son Maung, who used to make sounds by playing and moving fruits, was considered a crazy monkey by the other monkey children. One day, Chan Maung picked a coconut and shook it. Looked and tested the sound. When the coconut shakes, the coconut water comes out with a "pop...pop" sound, which is very pleasant. Son Maung liked the sound of coconut water very much, so he took the coconut wherever he went and started playing it. A few days later, Son Maung was passing under a big tree when he heard a voice from the top of the tree. The sound is "Tong-Tong-Tong-Tong" and is very good to listen to. Son Maung liked that little voice and decided to see the owner of the voice. Then he climbed up the tree and looked into the trunk, and saw a little squirrel playing with the small branches of the tree. Son Maung peeked at the little squirrel from the top of the tree and said, "You play very well. Friends, let's play together." So the little squirrel came out of the top of the tree holding a small tree nut. Then Maung and the squirrel played together, and a very pleasant tune came out. At that time, a big bear hiding honey in the forest heard the music of the brothers and was very pleased. He threw down the large bee he was eating, stretched his head once and danced, and came to the band of Son Maung. Son Maung and the squirrel played, and the big bear sang and they were very happy and became friends. One day, a giant rice snake came to the forest where the Maungs lived, catching and eating the little animals. The little animals were afraid of the big snake and did not dare to go out to find food. They gathered together and consulted to defeat the big snake, but no one dared to go. However, when Maung and his friends told a group of friends that they would defeat the big snake, they were all surprised. Some of them mocked that the three ruffians who only play this tune could defeat the big snake. Son Maung is not guilty. When the time comes, Son Maung, The little squirrel and the big bear went out to the big banyan tree where the big snake was. When they got to the big tree, the three friends started playing their little tune and started dancing. After a while, the big snake wanted to dance from the top of the banyan tree. At the same time as the snake came out, the Maung brothers accelerated the music and danced more. The big snake got lost in the music of Son Maung and started to dance with the big lips. After that, the big snake was very pleased with the dancing with the Maung brothers' band, so he allowed the little creatures to escape, and he started dancing in the Maung brothers' band. Then the creatures came together and praised Son Maung. Son Maung The big bear, the little squirrel and the big snake were playing their favorite tunes. They danced and lived happily.]
