ဘူးဘူး နဲ့ မိကျောင်း
[တစ်ရံရောအခါ ဘူးဘူး ခေါ်သော နွားမတစ်ကောင်သည် ချောင်းကမ်းပါး တွင် မြက်စားနေစဉ် လယ်သူကြီး ဦးမြတ်သာတို့ လင်မယား စကားပြောနေ သည်ကို နားစွန်နားဖျား ကြားမိလေသည်။ ကြားလျှင်ကြားချင်း ဘူးဘူးသည် မျက်လုံး မျက်ဆန်ပြူး၍ မြက်စား ရပ်လိုက်လေသည်။ ထို့နောက် ဗြိုက်တောစပ်တွင် မြက်စားနေသော ညွမ့်ညွမ့် ခေါ်သည့် ကျွဲမထံသို့ ပြေးသွားကာ ဤသို့ အော်ဟစ် ပြောဆိုလေသည်။ “ဟေ့ ညွမ့်ညွမ့်၊ သည်မနက် သတင်းဆိုး တစ်ခု ကြားရတယ်၊ ချောင်း ထဲမှာ မိကျောင်းတွေ ရှိနေသတဲ့၊ ညည်းကလေးတွေကို သိမ်းထားပါ”ဟု ပြောဆိုလေသည်။ ထိုအခါ ညွမ့်ညွမ့်က “ဘုရားရေ၊ ဆိတ်မ ဘဲဘဲကို သွားပြောဦးမှပဲ၊ သူ့မှာလဲ သားကလေးတွေရှိတယ်”ဟု ဆိုကာ ညောင်ပင်ရိပ်တွင် အစာစား နေသော ဘဲဘဲထံသို့ ပြေးလေသည်။ “ဟေ့ ဘဲဘဲ၊ သတင်းဆိုးတွေ ကြားခဲ့ရတယ်၊ ညည်းကလေးတွေကို ချက်ချင်းသိမ်းပါ၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ ဘူးဘူးက ပြောသွားတယ်”ဟု ဆိုလေသည်။ ထိုအခါ ဘဲဘဲက “အမယ်လေး၊ သည်လိုဆိုရင် မြင်းမကြီး ဟီးဟီး ကို သွားပြောဦးမှပဲ ဖြစ်မယ်၊ သူ့ မှာ သားကလေး တစ်ကောင် ရှိနေတယ်”ဟု မြင်းသားငယ်ကလေးနှင့် အတူအိပ်နေသော ဟီးဟီးထံသို့ ပြေးလေသည်။ “ဟေ့ ဟီးဟီး၊ သတင်း ကတော့ဖြင့် တယ်မကောင်းဘူး၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ ညွန့်ညွန့်က ပြောသွားတယ်၊ ညည်းကလေးကို ဘယ်မှ မသွားစေနဲ့နော်”ဟု ပြောလေသည်။ ထိုအခါ ဟီးဟီးက “အလိုလေး၊ ဘဲမကြီး ဂတ်ဂတ်မှာလဲ ကလေး တွေနဲ့၊ သွားပြီး သတိပေးဦးမှ ဖြစ်မယ်” ဟုဆိုကာ ဘဲပေါက်စ ဝါဝါကလေး ၁၀ ကောင်နှင့် ချောင်းဘက်ကို သွားနေသော ဂတ်ဂတ်ထံသို့ ပြေးလေသည်။ “ဟေ့ ဂတ်ဂတ်၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေသတဲ့၊ ဘဲဘဲက ပြောသွားတယ်။ ညည်းကလေးတွေကို ချောင်းထဲ မဆင်းစေနဲ့နော်”ဟု ပြောဆိုလေသည်။ ထိုအခါ ဂတ်ဂတ်က “ဟုတ်ကဲ့လား၊ သည်လိုဖြင့် ကြက်သားအုပ်မကြီး ကော့ကော့ကို သွားပြောရဦးမယ်၊ သူ့မှာလဲ ကလေးတွေနဲ့ပဲ” ဟုဆိုကာ ကြက် ပေါက်ကလေး ခုနစ်ကောင်နှင့် အစာစားနေသော ကော့ကော့ထံသို့ ပြေးလေသည်။ ထိုအခါ ကော့ကော့က “မိုးကြိုး ကျားသားတော်၊ သည်လိုဆိုရင် ခွေးမကြီး ဝုတ်ဝုတ် သွားပြောရဦးမယ်၊ သူ့မှာ သားကလေး သုံးကောင် မွေးတာ မကြာသေးဘူး”ဟု ဆိုကာ လမ်းဘေးတွင် နို့တိုက်နေသော ဝုတ်ဝုတ် ထံသို့ ပြေးလေသည်။ “ဟေ့ ဝုတ်ဝုတ်၊ သည်နေ့ သတင်းဆိုးတွေ ကြားရတယ်။ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေသတဲ့၊ ဂတ်ဂတ်က ပြောသွားတယ်”ဟု ပြောဆိုလေ သည်။ ထိုအခါ ဝုတ်ဝုတ်က “အမယ်၊ သည်လိုဆိုရင် လယ်သူကြီး ဦးမြတ်သာ ကို သွားပြောဦးမှ ဖြစ်မယ်၊ သူ့ မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိနေတယ်”ဟု ဆိုကာ ဦးမြတ်သာ၏ လယ်တဲရှိရာသို့ ပြေးလေသည်။ “အို ဦးမြတ်သာ၊ သတင်းဆိုးတွေကို ကြားရလို့ ကျွန်မ ပြေးခဲ့ပါတယ်၊ ကလေးတွေကို ချောင်းထဲ ရေချိုးမလွှတ်ပါနဲ့၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ ကော့ကော့က ပြောသွားတယ်”ဟု ပြောဆိုလေသည်။ ထိုအခါ ဦးမြတ်သာက ဆိုလေသည်။ “အို ဟုတ်မယ် မထင်ပါဘူး၊ ကော့ကော့က ရယ်စရာပြောသွားတာ ထင်ပါရဲ့၊ ချောင်းထဲမှာ ဘယ် မိကျောင်းမှ မရှိပါဘူး။ ကော့ကော့ကို ငါကိုယ်တိုင် သွားမေးပါဦးမယ်”ဟု ဆိုကာ ဝုတ်ဝုတ်ကို ခေါ်၍ သွားလေသည်၊ ကော့ကော့လည်း သားငယ် များကို ပျာယီးပျာယာခေါ်၍ ကြက်ခြံထဲသို့ ပြေးဝင်နေလေသည်။ “ဟေ့ ကော့ကော့၊ ချောင်းထဲမှာ မိကျောင်းရှိတယ်လို့ ... နင့်ကို ဘယ်သူက ပြောသလဲ”ဟု မေးလိုက်ရာ ကော့ကော့က “ဂတ်ဂတ် ပြောသွား တာပဲ၊ တကယ် မရှိဘူးလား”ဟု မေးလေသည်။ “မရှိပါဘူးဟယ်။ ကဲ ကဲ ဂတ်ဂတ်ကို သွားမေးကြဦးစို့”ဟု ဆိုကာ ဦးမြတ်သာသည် ကော့ကော့နှင့် ဝုတ်ဝုတ်ကို ခေါ်၍ သွားလေသည်။ ချုံဖုတ်တစ်ခုအောက်တွင် ပုန်းနေသော ဂတ်ဂတ်တို့ သားအမိတစ်စုကို တွေ့သောအခါ ဦးမြတ်သာက “ဟဲ့ ဂတ်ဂတ်၊ ချောင်းထဲမှာ မိကျောင်း တွေရှိနေတယ်လို့ နင့်ကို ဘယ်သူပြောသလဲ”ဟု မေးလိုက်ရာ ဂတ်ဂတ်က “ဟီးဟီး ပြောသွားတယ်၊ တကယ် မရှိဘူးလား”ဟု မေးလေသည်။ “မရှိပါဘူးဟယ်။ ကဲ ကဲ ဟီးဟီးကို သွားမေးကြစို့”ဟု ဆိုကာ ဦးမြတ်သာသည် ကော့ကော့၊ ဝုတ်ဝုတ်နှင့် ဂတ်ဂတ်တို့ကို ခေါ်လျက် ဟီးဟီး ဆီသို့ သွားကြသည်။ ဟီးဟီးကို တွေ့သောအခါ ဟီးဟီးက ဘဲဘဲ ထံသို့ ညွှန်လိုက်သည်။ ဘဲဘဲထံသို့ ရောက်ပြန်သောအခါ ဘဲဘဲက ညွန့်ညွန့်ထံသို့ ညွှန်လိုက်ပြန်သည်။ ညွန့်ညွန့်ထံသို့ ရောက်သောအခါ ညွန့်ညွန့်က ဘူးဘူးထံသို့ ညွှန်လိုက်သည်။ ဘူးဘူးထံသို့ ရောက်သော အခါ ဦးမြတ်သာက “ဟဲ့ ဘူးဘူး၊ ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ နင့်ကို ဘယ်သူက ပြောသလဲ”ဟု မေးရာ ဘူးဘူးက “ဦးမြတ်သာပဲ ပြော တယ် မဟုတ်လား။ ဟိုတစ်နေ့က ချောင်းနားမှာ ဦးမြတ်သာက ဦးမြတ်သာ ရဲ့မိန်းမကို ချောင်းထဲမှာ မိကျောင်းတွေ ရှိနေတယ်လို့ ပြောတာကို ကျွန်မ ကြားမိတာပဲ”ဟု ဆိုလေသည်။ ထိုအခါ ဦးမြတ်သာသည် အူလန် အသည်းလန် ရယ်၍ “ဪ၊ ခက်လှချေလား ဘူးဘူးရယ်၊ ငါပြောတာက ရေထဲက မိကျောင်း မဟုတ် ဘူး၊ ချောင်းကမ်းပါးမှာ ပေါက်နေတဲ့ မိကျောင်း ကွမ်းဖတ်ပင်တွေ သိပ်များ နေတာကို ပြောတာဟ၊ မိကျောင်း ကွမ်းဖတ်ပင်ကို နင် မသိဘူးလား”ဟု မေးလေသည်။ စေတနာ ကောင်းရှာ ခဲ့သော ဘူးဘူးမှာ ခေါင်းငိုက်စိုက်ကျကာ ဘာမျှ မပြောနိုင် ရှာတော့ပေ။ ညွန့်ညွမ့်၊ ဘဲဘဲ၊ ဂတ်ဂတ်၊ ကော့ကော့၊ ဝုတ်ဝုတ်တို့ကလည်း ဝိုင်း၍ ရယ်ကြပြန်ရာ ဘူးဘူးမှာ မခံနိုင် ရှာတော့ဘဲ လယ်ကွင်းထဲသို့ ထွက်ပြေးလေတော့သတည်း။]
[]
[BuBu and crocodile]
[At one point, a cow called Butu was eating grass on the bank of a stream when she overheard farmer U Myat Tha and his wife talking. Hearing this, Bubu's eyes widened and he stopped eating grass. Then he ran to a buffalo named Nyum Nyum who was eating grass at the edge of the forest and cried out like this. "Hey Yum Yum, I heard bad news this morning, There are crocodiles in the creek, Keep the crying children," he said. Then Nyum Nyum said, "God, Go and talk to the goat and the duck. He has children," he said, and ran to the duck who was eating in the shade of the banyan tree. "Hey, don't you?" I heard bad news, Save the whining children immediately. But said that there are crocodiles in the creek," he said. Then the duck said, "Ma'am, If so, I would have to go and talk to the big horse. He has a baby boy.” He ran to Hee Hee who was sleeping with the baby horse. “Hey, hey, The news is bad, Nyun Nyun said that there are crocodiles in the creek, Don't let the whining child go anywhere," he said. Then Heehee said, With the children at Bema Gaggat, Go and warn them." He said and ran to Gaggat who was going towards the creek with 10 ducklings. “Hey Gag Gat! There are crocodiles in the creek, The duck said. Don't let the whining children go down the creek," he said. Then Gargat said, “Yes? I'm going to go and talk to the head of the chicken, Kokok. He only has children," he said, and ran to Cuckoo who was eating with seven chicks. Then Kokok said, "Son of Thunder Tiger, If necessary, I will have to go and talk to the big dog. She recently gave birth to three children," he said, and ran to Wuwut who was breastfeeding on the side of the road. "Hey Wuwu, I heard bad news today. There are crocodiles in the creek, Gargat said," he said. Then Wuwu said, "Brother, If you want, you must go and talk to the farmer U Myat Tha first. He has a son and a daughter," he said, and ran to U Myat Tha's farm hut. "O U Myat Tha, When I heard the bad news, I ran, Don't let the children bathe in the stream. Kokok said that there are crocodiles in the creek," he said. Then U Myat Tha said. "Oh yes, I don't think so." I think Coco said it was funny, There are no crocodiles in the creek. I will go and ask Kokok myself," he said, calling Wuwut and going. Kokok also called the children and ran into the chicken farm. “Hey Coco, "Who told you that there is a crocodile in the creek?" Is there really no?" he asked. "No, huh?" Now, let's go and ask Gaggat," U Myat Tha said and called Kokok and Wuwut to go. When he saw a group of Gaggat mother and son hiding under a bush, U Myat Tha said, "Hey Gaggat, "Who told you that there are crocodiles in the creek?" Is there really no?" he asked. "No, huh?" Now, let's go and ask Heehee," U Myat Tha said. Calling Wuwut and Gaggat, they went to Heehee. When he saw Hee Hee, Hee Hee pointed to the duck. When he came back to the duck, the duck again pointed to Yun Yun Yun. When he came to Nyun Nyunt, Nyun Nyunt pointed to Bu Bu. When he came to Butu, U Myat Tha said, "Hey, Butu, Who told you that there are crocodiles in the creek?" Bu Bu said, "It was U Myat who told you, right? The other day, near the creek, I heard U Myat Tha telling his wife that there are crocodiles in the creek," he said. Then U Myat Tha laughed and said, "Aw, Is it difficult or not? What I said is not a crocodile in the water, Did you mention that there are a lot of crocodile betel nut trees growing on the banks of the stream? Don't you know the crocodile betel nut tree?" he asked. He hung his head in the bottle that he had been looking for, unable to say anything. Nyun Nyun duck duck Gat Gat Coco Coco Wuwut also gathered round and laughed, but he couldn't bear to look for it anymore and ran away into the field.]
