အရူးတွေကို အကြံပေးမိတဲ့ အခါ
[သရက်ပင်ကြီး တစ်ပင်မှာ ငှက်တွေ အများကြီး အသိုက်လုပ် နားခိုကြပါတယ်။ သရက်ပင်က ကြီးမားတဲ့ အတွက် ငှက်တွေ နေဖို့ လွတ်လပ် ပျော်ရွှင်စွာ နေလို့ရပါတယ်။ မိုးတွင်း မရောက်ခင်မှာ တောထဲက တိရိစ္ဆာန် တော်တော် များများက သူတို့ရဲ့ နေထိုင်ရာ အသိုက်အမြုံတွေကို လုံခြုံအောင် ပြုပြင် ကြပါတယ်။ အစားအစာ တွေလည်း စုဆောင်း သိုလှောင်ကြပါတယ်။ ငှက်တွေကလည်း သူတို့ရဲ့ အသိုက်ကို ပိုပြီး လုံခြုံအောင် ပြင်ဆင်ကြ၊ အစားအစာတွေ သိုလှောင်ပြီး အသိုက်ထဲ စုဆောင်း ထားကြပါတယ်။ မိုးတွင်း ရောက်လာတဲ့အခါ ငှက်တွေက အသိုက်ထဲမှာပဲ လုံခြုံစွာ နေထိုင်ပြီး အပြင် မထွက်ကြတော့ပါဘူး။ မိုးသည်းထန်စွာ ရွာနေတဲ့ တစ်နေ့မှာတော့ မျောက်တစ်ကောင်က ထိုသရက်ပင်ကို ရောက်လာပါတော့တယ်။ တစ်ကိုယ်လုံး စိုရွဲနေပြီး ချမ်းတုန်နေတဲ့ မျောက်ကို ငှက်ကလေးတွေက ကြည့်ပြီး စိတ်မကောင်း ဖြစ်ကြပါတယ်။ အဲဒါနဲ့ပဲ မျောက်ကလေးကို မေးလိုက်ပါတယ်။ “ငါတို့ အားလုံးရဲ့ အသိုက်လေးတွေက မင်းကို မိုးမစိုအောင် မလုပ်ပေးနိုင်ကြလို့ စိတ်မကောင်းပါဘူး။ ငါတို့ အားလုံး မိုးတွင်း မရောက်ခင်မှာ နေဖို့ စားဖို့ အဆင်သင့် ဖြစ်အောင် ပြင်ဆင် ထားကြတယ်။ မင်းကော ပြင်ဆင် ထားခဲ့သင့်တယ်။ အဲဒါဆို ဒီလိုဖြစ်မှာ မဟုတ်ဘူး” လို့ စိတ်မကောင်းစွာ အကြံပေးလိုက်ပါတယ်။ စေတနာဖြင့် မေးလိုက်တဲ့ ငှက်ကလေးတွေရဲ့ စကားကို ကြားတဲ့ မိုက်မဲတဲ့ မျောက်ဟာ ဒေါသတကြီးနဲ့ “ငါ့ကို ဘာလုပ်ရမယ်လို့ ဆရာမလုပ်နဲ့” လို့ ပြောပြီး ငှက်ကလေးတွေရဲ့ အသိုက်တွေကို စိတ်ဆိုးမာန်ဆိုးဖြင့် ဖျက်ဆီးပါတော့တယ်။ သနားစရာကောင်းတဲ့ ငှက်ကလေးတွေက ရူးသွပ်ပြီး စဉ်းစားဉာဏ် မရှိတဲ့ မျောက်တစ်ကြောင့် အားလုံး ပျက်စီး ရပါတော့တယ်။ “မိုက်ရူးရဲဆန်သူတွေကို ဘယ်လောက်ပဲ စေတနာနဲ့ အကြံပေးပါစေ။ စေတနာကို တန်ဖိုး မထားတတ်ကြဘူး” လို့ သင်ခန်းစာ ပေးလိုက်တာ ဖြစ်ပါတယ်။][https://youtu.be/x0TcmeDn85Q]
[When I advise fools]
[Many birds nest in a big mango tree. The mango tree is big enough for the birds to live happily. Before the rain comes, many animals in the forest make their nests safe. They also collect and store food. Birds also prepare their nests more securely, They store food and collect it in the nest. When the rain comes, the birds live safely in the nest and do not go out. One day when it was raining heavily, a monkey came to the mango tree. The birds were saddened to see the monkey, whose whole body was wet and shivering. So he asked the monkey. “I'm sorry that all of our little nests can't keep you out of the rain. We all prepared to stay and eat before the rain came. You should be prepared. Then this won't happen," he advised sadly. The foolish monkey, who heard the words of the birds who kindly asked, got angry and said, "Don't teach me what to do," and started destroying the nests of the birds in anger. The poor birds are all ruined by a crazy and thoughtless monkey. “No matter how generous you advise the foolish. "They don't value kindness," he said]
