ဒေါသကြီးတဲ့ မြွေ


 

[တခါက လက်သမား တစ်ယောက်ဟာ သူ့ရဲ့အလုပ်ရုံကို ပိတ်ပြီး အိမ်ပြန်သွားတဲ့ အခါမှာ အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က အစာရှာဖွေရင်း လက်သမားရဲ့ အလုပ်ရုံထဲကို ရောက်လာပါတယ်။ မြွေက ဆာလောင်နေတဲ့ အတွက် အစာတစ်ခုခုကို ရှာဖွေပါတယ်။ ပုဆိန်တစ်လက်က မြွေပေါ်ကို ပြုတ်ကျလာတဲ့အခါ မြွေကို ထိခိုက်မိသွားပါတယ်။ ဒေါသကြီးတဲ့ မြွေက သံပုဆိန်ကို ဒေါသတကြီး ကိုက်ပေါက်လိုက်ပါတယ်။ သံပုဆိန်မို့ ပုဆိန်က ဘာမှ မဖြစ်ဘဲ မြွေရဲ့အစွယ်တွေ ကျိုးပြီး သွေးတွေ ထွက်လာပြီး မြွေသာ နာကျင်သွားရပါတယ်။ ဒေါသတကြီး ပြန်ပြီး တုံ့ပြန်ရင်းနဲ့ မြွေက ထိုနေရာမှာ သွေးအိုင်ထဲမှာ သေဆုံးသွားပါတယ်။ နောက်တစ်နေ့ မနက်မှာတော့ လက်သမားက အလုပ်ခန်း တံခါး ဖွင့်လိုက်တဲ့ အခါ သံပုဆိန်နားမှာ သွေးတွေ ပေပွပြီး သေဆုံးနေတဲ့ မြွေကို တွေ့လိုက် ရပါတော့တယ်။ တကယ်တော့ မြွေကို ဘယ်သူကမှ မသတ်ပေမယ့် မြွေရဲ့ မစူးစမ်း မဆင်ခြင်ဘဲ ဒေါသတကြီး တုံ့ပြန်မှု့က မြွေကို သတ်သွားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘယ်လို အခြေအနေ ကြုံပါစေ။ စိတ်အေးအေး ထားပြီး အကျိုးအကြောင်းကို လေ့လာ သုံးသပ် သင့်ပါတယ်လို့ ဒီ ပုံပြင်လေးက ပြောပြ ထားတာ ဖြစ်ပါတယ်။][https://youtu.be/Hq32-B0iX5Q]

[An angry snake]

[Once a carpenter closed his workshop and went home when a poisonous snake came into the carpenter's workshop in search of food. The snake is hungry and looks for some food. When an ax fell on the snake, it hurt the snake. The angry snake bit the iron ax furiously. Because it was an iron ax, the ax did nothing, the snake's fangs broke, blood came out, and only the snake was hurt. The snake died there in a pool of blood as it responded angrily. The next morning, when the carpenter opened the door to his workroom, he saw a dead snake near the iron axe. In fact, no one killed the snake, but the snake's unexplored and angry reaction killed the snake. That's why no matter what the situation is. This story tells that you should be calm and analyze the benefit.]