ညဉ့်ငှက်နှုတ်သီး ကျယ်ရသည့် အကြောင်း

 

[‌ရှေးသရောအခါက တိရစ္ဆာန်နှင့် လူတစ်ဖွဲ့ရှိသည်။ တခါက ယင်းတို့သည် နေ့နှင့် ညခွဲခြားဖို့ အတွက် အစည်းအဝေး ဖိတ်ခေါ်ကြသည်။ နေ့နှင့် ည ခွဲခြားရန် အတွက် သူတို့က ညဉ့်ငှက်ကို ရွေးကောက်လိုက်သည်။ သို့သော် ညဉ့်ငှက်သည် အအိပ်ကြီးသော ငှက် ဖြစ်သဖြင့် စီရင်ချက် ချသည့် အချိန်သို့ ရောက်သော် အလာနောက်ကျ သဖြင့် အခြား တိရစ္ဆာန်များက ညဉ့်ငှက်ကို အလွန်စိတ်ဆိုးသွားသည်။ ညဉ့်ငှက်သည် အခြား တိရစ္ဆာန်များကိ သူ့အား စိတ်ဆိုးသည်ကို သိသောအခါ ဤသို့ ကြာကြာနေက သူ့အတွက် အခက်အခဲ ဖြစ်လာနိုင်သဖြင့် အအိပ် မကြီးအောင် ကြိုးစားမည်ဟု ပြောသည်။ မကြာမီ အစည်းအဝေး စလာသဖြင့် ကြွက်က ဤသို့ အကြံပေးသည်။ မနက်မှ ညနေအထိကို နေ့ဟု ခေါ်မည်။ ညဉ့်နက် သို့ရောက်သောအခါ ကြက်ဖ သုံးချက်တွန်လျှင် မိုးလင်လာမည်။ တစ်လတွင် ရက်သုံးဆယ် ရှိမည်ဖြစ်ပြီး တစ်နှစ်တွင် ဆယ့်နှစ်လရှိမည်။ လကွယ်ည၊ လမိုက်ည၊ လပြည့်ညနှင့် လပြည့်ပြီး သော ညများရှိမည်ဖြစ်သည်။ ထိုအခါမှ တိရိစ္ဆာန် နှင့် လူသားများ အစားအစာရှာ စားနိုင်မည်။ သို့သော် ညဉ့်ငှက်သည် အအိပ်ကြီး သဖြင့် ညတစ်နှစ်၊ နေ့တစ်လ ဟု အကြံပေးသော အခါ အခြားတိရိစ္ဆာန်များက ၎င်း၏ အဆိုတင်သွင်းမှုကို သဘောမတူကြပေ။ တိရိစ္ဆာန် များထဲမှ လင်းနို့ ကြီး တစ်ကောင်က အလွန် စိတ်ဆိုးသွားရာ ဓါးမကြီးကို ကောက်ကိုင်ကာ ညဉ့်ငှက်၏ နှုတ်သီးကို လှီးလိုက်သောကြောင့် ယနေ့ အထိ ညဉ့်ငှက်၏ နှုတ်သီးသည် အာကျယ်နေရခြင်း ဖြစ်သည်။]

[]

[About the wide beak of the night bird]

[Once upon a time there was a group of animals and people. Once they called a meeting to distinguish the day from the night. To separate day and night, they chose the night bird. But the night bird is a sleepy bird, but the time of judgment came late, so the other animals were very angry with the night bird. When the night bird knew that the other animals were angry with him, he said that he would try not to sleep because it would be difficult for him to stay like this for a long time. The meeting was about to begin, and the mouse suggested this. From morning to evening will be called a day. When the rooster crows three times in the middle of the night, dawn will come. A month will have thirty days and a year will have twelve months. moonless night dark moon night There will be full moon nights and nights after the full moon. Then animals and humans will be able to find food. But the night bird sleeps deeply for one night. When he suggested a day and a month, the other animals disagreed with his proposal. One of the animals, a big bat, got so angry that he picked up a big blade and cut the night bird's beak, so that the night bird's beak is wide open to this day.]